Найти в Дзене
Покупайте СтеллыИ дарите их за контент
1 год назад
 • Вы подписаны

သုတ္တနိပါတ် ပါဠိတော်၊ ပရာဘဝသုတ် ----------------------------------- ၁။သုစရိုက်တရား မလိုလား မှတ်သားပျက်စီးကြောင်း ၂။သူယုတ်မာကို ချစ်ကြည်ညို မှတ်သိုပျက်စီးကြောင်း ၃။သူတော်ကောင်းကို မချစ်လို မှတ်သိုပျက်စီးကြောင်း ၄။သူယုတ်တရား နှစ်သစ်ငြား မှတ်သားပျက်စီးကြောင်း ၅။အအိပ်လွန်ငြား အငိုက်များ မှတ်သားပျက်စီးကြောင်း ၆။အပေါင်းအဖေါ် အလွန်ပျော် မှတ်နော်ပျက်စီးကြောင်း ၇။စကားပြောသော် အလွန်ပျော် မှတ်နော်ပျက်စီးကြောင်း ၈။ထကြွလုံ့လ မရှိက မှတ်ကြပျက်စီးကြောင်း ၉။ထုံထိုင်း မှိုင်းဖျင်း အလွန်ပျင်း မယွင်းပျက်စီးကြောင်း ၁၀။ဒေါသအမျက် ပြင်းစွာထွက် မှတ်လတ်ပျက်စီးကြောင်း ၁၁။မိအိုဘအို မကြွေးလို မှတ်သိုပျက်စီးကြောင်း ၁၂။အလှူခံအား လိမ်လှည့်စား မှတ်သားပျက်စီးကြောင်း ၁၃။တစ်ယောက်တည်းသာ စားလိုပါ မှတ်ပါပျက်စီးကြောင်း ၁၄။အမျိုးဇာတ်မာန် လွန်ခက်ထန် မှတ်ရန်ပျက်စီးကြောင်း ၁၅။ပစ္စည်းမာန ထောင်လွှားက မှတ်ကြပျက်စီးကြောင်း ၁၆။မျိုးနွယ်မာန ထောင်လွှားက မှတ်ကြပျက်စီးကြောင်း ၁၇။ဆွေမျိုးတို့အား မလေးစား မှတ်သားပျက်စီးကြောင်း ၁၈။မိန်းမလိုက်စား ပျော်ကြူးငြား မှတ်သားပျက်စီးကြောင်း ၁၉။မူးယစ်သောက်စား ပျော်ကြူးငြား မှတ်သားပျက်စီးကြောင်း ၂၀။အလောင်းအစား ပျော်ကြူးငြား မှတ်သားပျက်စီးကြောင်း ၂၁။မကောင်းမိန်းမ လိုက်စားက မှတ်ကြပျက်စီးကြောင်း ၂၂။သူများမယား လွန်ကြူးငြား မှတ်သားပျက်စီးကြောင်း ၂၃။အရွယ်အိုလျက် အငယ်မက် မှတ်ချက်ပျက်စီးကြောင်း ၂၄။မသင့်တော်သူ စိတ်ချမူ မှတ်ယူပျက်စီးကြောင်း ၂၅။မင်းမျိုးဖြစ်ကာ ဥစ္စာကားနည်း လောဘကြီးလျက် စည်းစိမ်မက် မှတ်ချက်ပျက်စီးကြောင်း ပျက်စီးကြောင်းများ သိရှောင်ရှားက ချမ်းသာရ ရောက်ကြနိဗ္ဗာန်ပြည်။ Credit - အရှင်ကာရုညဓမ္မရင်ပြင် 🔹🔸▪️🔸🔹

1 год назад
 • Вы подписаны

. ☯️ ( အရှက်လုံးလုံးကွဲပြီ ) ဟုတ်ပါ့မလားလို့ မျက်လုံးပွတ်ပြီး (၂) ကြိမ်ဖတ်ရတော့တယ်၊ မျက်လုံးလဲ မမှောက်ပါဘူး၊ English လဲ အဲ့သလောက်မညံ့ပါဘူး၊ တခါတလေ သူတို့ရေးတာမှာ စာလုံးကျန်ရင်တောင် တွေ့တတ်တဲ့သူပါ၊ ရေးထားတဲ့ ဆိုလိုရင်းကို နောက်အကြောင်းအရာတွေနဲ့လဲ ချိတ်ဆက်စဉ်းစားတတ်ပါသေးတယ်၊ ဒီနေရာမှာ သုံးသွားတာ " Pakinstan did dirty work.... မှာ did အစား Didn't များဖြစ်လေမလားလို့ နောက်စာသားတွေကိုဆက်ဖတ်ကြည့်တော့ မူရင်းဆိုလိုချက် Did ကပိုပေါ်လွင်လာပါတယ်၊ ပါကစ္စတန် ကာကွယ်ရေးဝန်ကြီးပြောလိုက်တာက- " ပါကစ္စတန်ဟာ အကြမ်းဖက်တွေကိုအားပေးထောက်ပံ့တဲ့ မသမာတဲ့အလုပ်တွေကို US နဲ့ UK အတွက်အလုပ်လုပ်ပေးခဲ့ရတယ်" .... လို့ ဝန်ခံပြောကြားလိုက်ပါတယ်၊ ဇာတ်လမ်းကပိုရှုပ်သွားပြီ၊ ပါကစ္စတန် ကာကွယ်ရေးဝန်ကြီးရဲ့နှုတ်ဖျားက ဒီလိုစကားမျိုးထွက်လာလိမ့်မယ်လို့ မမျှော်လင့်ထားခဲ့ဘူး၊ သူ့အတွက်လဲအန္တရာယ်အလွန်ကြီးတယ်၊ တရုတ်က ပါကစ္စတန်ကို နိုင်နိုင်နင်းနင်း ကိုင်တွယ်လိုက်နိုင်တာကိုလဲပြလိုက်တာပဲ၊ အကွက်ရှုပ်ကို တရုတ် " ဖြေ" ချလိုက်တာ Next level ပဲ၊ အဲ့ဒီနောက်ကွယ်မှာ အဖိုးစားနားအဖြစ်တရုတ်က ပါကစ္စတန်ဖက်က မားမားမတ်မတ်ရပ်ပေးရတော့မယ်၊ တရုတ်ဆီရောက်လာမဲ့ မျှားဦးကို Diversion ပေးလိုက်တာ အတော်ရဲတင်းတဲ့အကွက်ပဲ။ US နဲ့ UK တော့ အကြမ်းဖက်တွေအဖြစ် အရှက်ဗြန်းဗြန်းကွဲပြီ ။ ----- . ☯️ ( ဘယ်သူတွေက ဘယ်ဖက်မှာလဲ ❓) Polarization. India-Pakistan conflict မှာ ဘယ်သူတွေက ဘယ်ဖက်မှာရှိကြသလဲဆိုတာ ကွက်ကွက်ကွင်းကွင်းပေါ်လာပြီ၊ တင်မာမှုလဲ စဖြစ်ရော Starlink က ပါကစ္စတန်ဖက် ရွေ့လာတယ်၊ ( ယူကရိမ်းစစ်လိုပေါ့၊ ယူကရိမ်းက Starlink သုံးပြီး ရုရှားကိုတိုက်တာ ) အိန္ဒိယက ပါးနပ်တယ်၊ "X" ( Twitter ) ကိုပိတ်ချလိုက်တယ်၊ ပါကစ္စတန်နဲ့ ဆက်စပ်မှုရှိနေတယ်ဆိုတာသိရလို့၊ ✅ ဒီအထိမြင်းကွင်းက ရှင်းတယ် သာမန်အားဖြင့် အမေရိကန်နဲ့ပါကစ္စတန် ခွာပြဲကြပြီ၊ အမေရိကန်က တရုတ်ကိုထိမ်းဖို့ အိန္ဒယနဲ့ ဆက်ဆံရေးကောင်းတည်ဆောက်ထားတယ်၊ အိန္ဒိယဖက်မှာ အမေရိကန်ရှိနေတယ်... လို့အားလုံးက သိထားကြတာ၊ " တိမ်တောင်သဖွယ် မင်းရေးကြွယ်တယ်"... ဆိုတာ တကယ်ပါပဲ၊ ပါကစ္စတန် ကာဝန်ကိုယ်တိုင်ထုတ်ပြောလာတဲ့စကားက ဘယ်လောက်အံ့ဩစရာကောင်းလိုက်သလဲလို့.... " US နဲ့ UK အတွက် ပါကစ္စတန်ဟာ အကြမ်းဖက်တွေကို ပံ့ပိုးပေးနေရပါတယ်၊ မသမာတဲ့ လုပ်ငန်း ( Dirty work ) ကိုလုပ်နေရပ်တယ်".. တဲ့၊ ( ဒီစကားကလဲ အံ့ဘနန်းပဲ ) ကမ္ဘာကြီးကို Double twist လုပ်သွားတာ... ဘယ်လောက်များကြောက်ဖို့ကောင်းလိုက်သလဲဆိုတာ.... ✅ " ဘာရည်ရွယ်ချက်နဲ့" အဲ့သလို ကစားသွားသလဲ ဆိုတာ လူငယ်ခြေတက်တွေနဲ့ ဆြာကြီးတွေ ရေးဖို့ Food for thought အနေနဲ့ချန်ထားခဲ့ပါရစေ ။ BaMg ☯️ (26.04.25) #Credit . 🔹🔸🔹🔸🔹🔸🔹

1 год назад
 • Вы подписаны

. ☯️ ကစားသွားတာ မလှဘူးလား 🫢 အမေရိကန်နဲ့ရုရှား နိုင်ငံခြားရေးဝန်ကြီး (၂) ဖွဲ့ ရီယာဒ်မှာ ယူကရိမ်းကိစ္စဆွေးနွေးပြီးသွားပြီ၊ သမတ (၂) ဦးတွေ့ဆုံမဲ့နေ့ကိုတော့ မသတ်မှတ်ရသေးဘူးလို့ပြောတယ်၊ ထူခြားတဲ့ (၂) ချက်ကိုဆွဲထုတ်ပြချင်တယ်၊ * EU အနေနဲ့သင့်လျော်ရာအချိန်မှာ ပါဝင်ရပါမယ် * EU အနေနဲ့လဲ ရုရှားအပေါ်ပိတ်ဆို့အရေးယူထားတာတွေကိုပြန်ရုတ်သိမ်းပေးရပါလိမ့်မယ် .... လို့အမေရိကန်က ပြောလိုက်ပါတယ်၊ Who is end game architect ⁉️ It's beautiful move. BaMg ☯️ (19.02.25) https://t.me/nayzinlatt2023/11275 . #Credit​ 🔹🔸🔹🔸🔹🔸🔹

1 год назад
 • Вы подписаны

. #NayZinLatt ☯️ Trump ကြမ်းချက်ကတော့ လက်ကုန်ပဲ ကမ္ဘာကျော် CIA ထောက်လှမ်းရေး အဖွဲ့ကြီးရဲ့ ညွှန်မှုးကို ထရမ့်က John Ratcliffe ကိုခန့်လိုက်ပြီးတဲ့နောက်.... CIA တဖွဲ့လုံးကို MAGA agenda နဲ့ လိုက်ပါနိုင်ရင်နေခဲ့၊ မလိုက်ပါနိုင်ရင် လစာ (၈) လစာယူပြီး ထွက်တော့ လို့ကြေငြာလိုက်တယ်၊ (၂) ပါတ်သား သမတရဲ့တောက်လျောက် ကိုင်တွယ်မှုကြမ်းကြမ်းတွေထဲမှာ ဒီတချက်က အကြမ်းဆုံးဖြစ်ပါလိမ့်မယ်၊ တကယ့် Satan အကြီးစားရဲ့ နာရွက်ကို တံတွေးဆွတ်လိုက်တာပါပဲ၊ ထရမ့်လုပ်ကြံခံရဖို့တော့ အလွန်နီးကပ်သွားပါပြီ၊ . ----- . ☯️ USAID FBI CIA .... ဆက်တိုက် ဖြိုနေတယ် ထရမ့်ဟာ ကနေဒီထက် ပိုသတ္တိရှိသူဖြစ်သွားပြီ၊ သမိုင်းတွင်တဲ့ အကြမ်းဆုံးသမတလဲဖြစ်သွားပြီ၊ Deep State ကို ခြေလက်တွေခုတ်ဖြတ်နေရုံသာမက ... ဦးနှောက်ကိုပါ ခွဲထုတ်ပစ်နေပြီ၊ အမေရိကန် သမတ (၄၆) ဦးမှာ ထရမ့်ဟာ အသက်အန္တရာယ်အရှိဆုံးသူ ဖြစ်သွားပြီး၊ အမေရိကန်ဟာလဲ ( အကောင်းဆုံး) နဲ့ (အဆိုးဆုံး) အစွန်း (၂) ဖက်ကိုရောက်သွားခဲ့ပါပြီ၊ ခြုံငုံ ရှုမြင်ရရင်တော့ အမေရိကန်ဟာ ထရမ့်အတွက်ရော နိုင်ငံအတွက်ပါ အဆိုးဖက်ကို တူရူသွားတယ်လို့မြင်ပါတယ်၊ . ----- . ☯️ အမေရိကန်နိုင်ငံရေးနဲ့ မိနစ်ပိုင်းတိုင်းပြောင်းလဲနေတဲ့ဖြစ်စဉ်က စိတ်ဝင်စားစရာ အမြင့်ဆုံးအဆင့်ဖြစ်လာပြီ၊ ဟီလာရီကလင်တန်က ဒီမိုကရက်တွေကိုယ်စား ကျည်စဖေါက်ပေးလိုက်ပါပြီ၊ သူမက - " Elon Musk ဟာ အမေရိကန်အစိုးရ အုပ်ချုပ်ရေးပိုင်းကို Blitzkrieg style ( လျှပ်တပျက် / မိုးကြိုးစစ်ဆင်ရေးနည်း ) နဲ့ အာဏာသိမ်းနေတယ်လို့ စွပ်စွဲလိုက်ပါတယ်၊ ထရမ့်နဲ့ အီလွန်မာစ်ကြားမှာ အကြီးကြီး "ဟ" သွားနိုင်တဲ့ အသွားပါစကားမျိုးပါ ။ USAID, FBI, CIA တွေပြီးရင် Hillary Clinton တို့ဖက် ပစ်မှတ်လှည့်လိမ့်မယ်လို့ ခန့်မှန်းရပါတယ်၊ . ----- . ☯️ ဘမောင်တို့ပြောရင် သိပ်စောလွန်းနေသေးလို့ တော်ရုံ မယုံကြဘူး၊ ( ခပ်စောစောပြောရတာကလဲ ရှောင်နိုင် / ဆောင်နိုင်အောင်ပါ ) အခု .... Steve Bannon ကိုယ်တိုင်ပြောပါပြီ၊ ( Steve Bannon ဆိုတာ Trump ပထမသက်တမ်းတုန်းက Stategist : MWD interview ရဲ့ Think Tank မှာထည့်ပြောဘူးသေးတယ် ) Bannon ပြောတာက - " USAID ဆိုတာ CIA ရဲ့ရှေ့တန်းတိုက်စစ်မှုး " " ကျွန်တော်တို့နှစ်အတော်ကြာစောင့်နေခဲ့ရတယ်၊ အခုဖြစ်လာပါပြီ၊ Deep State ကြီးပြိုလဲနေပါပြီ " ( ဘမောင်အရင်ရေးခဲ့တာတွေနဲ့ ဆက်စပ်ကြည့်ပါ၊ တထပ်ထဲဆိုတာ တွေ့ရပါလိမ့်မယ် ) ထရမ့်အတွက်ကတော့ " ညောင်သီးကို တဝစားနေပြီ၊ လေးသံ နားထောင်ဖို့ပဲလိုပါတော့တယ် "...... လို့။ . ----- . ☯️ မြန်မာနိုင်ငံအတွက်ကတော့ USAID ပြိုတာ CIA ပြိုတာ.... အလွန်ကောင်းတယ်လို့ မြင်ပါတယ်။ ( EAO တချို့ ညပ်လိမ့်မယ်လို့ ရေးခဲ့တာနဲ့ ဆက်စပ်တွေးတောနိုင်ပါလိမ့်မယ် ) ခေါင်းထဲရှိသမျှ၊ တွေးထားတာတွေ အားလုံး ချမရေးဖြစ်သေးပါဘူး 😁 . ----- . ☯️ 2020 ရွေးကောက်ပွဲမှာ ထရမ့်ရှုံးတော့ ထရမ့်ထောက်ခံသူတွေက Capitol ကိုဝင်စီးကြတယ်၊ အဲ့ဒီကာလ ဝင်ကိုင်တွယ်သွားတဲ့ FBI လူစာရင်းကို ထရမ့်က DOJ ( Department of Justice ) ကတဆင့်တောင်းတယ်၊ FBI က လူ (၅၀၀၀) ကျော်စာရင်းကို ပေးလိုက်ရပြီ၊ အငြိမ်းစား အပေးခံရပါတော့မယ်၊ ရက်ခြားပြီ CIA ကိုလဲကြေငြာချက်ထုတ်ထားတယ်၊ အရေအတွက်ကိုမသတ်မှတ်ပဲ ဖွင့်ထားတယ်၊ MAGA agenda အတိုင်းမလုပ်နိုင်သူတွေ လစာ (၈) လစာယူပြီး ထွက်ကြ... တဲ့၊ ကမ္ဘာကျော် ထောက်လှမ်းရေးအဖွဲ့ကြီး (၂) ခုလုံးကို တပြိုင်နက် အခုလိုကျယ်ကျယ်ပြန့်ပြန့် ကိုင်ပစ်တာ အမေရိကန်သမိုင်းမှာ ထရမ့်ဟာ ပထမဆုံးသမတဖြစ်လာပါတယ်၊ သူ့အတွက်ပြန်ပြီးအန္တရာယ်ရှိတဲ့ အဆိပ်ပြင်း အဖွဲ့ကြီး (၂) ခုလုံးကို တပြိုင်နက်ထဲ ကိုင်တွယ်ပစ်ရဲတာ ဘာကြောင့်လဲ... လို့စဉ်းစားဖြစ်တယ်၊ . ----- . ☯️ အီလွန်မာစ်ကို မေရီလန်း ဆီနိတ်တာ Chris Van Hollen ကဦးဆောင်ပြီး ဆန္ဒထုတ်ဖေါ်ကြတယ်၊ "အခြေခံလုပ်သားတွေရဲ့ လူမှုရေးရံပုံငွေကို အပိုင်မစီးပါနဲ့၊ အာဏာသိမ်းမှုရပ်ပါ၊ သူ့ကို သူ့မိခင်နိုင်ငံပြန်ပို့ကြပါ" " ကျွန်တော်တို့ တိုက်ပွဲဝင်ကြရပါမယ်၊ အစိုးရအဖွဲ့ထဲမှာရော၊ လွှတ်တော်ထဲမှာရော၊ လမ်းမတွေပေါ်မှာရော အားလုံးတိုက်ပွဲဝင်ကြရပါမယ်" မကြာခင် အမေရိကန် နိုင်ငံအနှံ့အပြားမှာ ဆန္ဒပြပွဲတွေကို မြင်တွေ့လာရဖွယ်ရှိလာပါပြီ၊ . ----- . ☯️ တန်ပြန်လှိုင်း Reverse wave ကိုထရမ့်ပြန်ခံရလိမ့်မယ်လို့ရေးခဲ့ပါတယ်၊ USAID နဲ့ CIA ပူးပေါင်းပြီး ဒီမိုကရက်တွေကတဆင့် ထရမ့်ကို Impeach စွပ်စွဲပြစ်တင် ဖြုတ်ချတာမျိုးတွေ လုပ်လာပါတော့မယ်၊ #BaMg​ ☯️ (06.02.2025 #Credit https://t.me/nayzinlatt2023 . 🔹🔸🔹🔸🔹🔸🔹

1 год назад
 • Вы подписаны

ပလောင်နဲ့ ကိုးကန့်သူပုန်တို့အတွက် နစကရဲ့ ၁၀၂၇ တစ်နှစ်ပြည့်လက်ဆောင်၊ KIA ဖမ်းထားတဲ့ သတင်းထောက်နှစ်ယောက် ပြန်လွတ်ပြီ၊ အမြန်လမ်းနားက သစ်စခန်း ဝန်ထမ်းနဲ့ရွာသား (၁၀) ဦးကို PDF တွေ ဖမ်းဆီးသွား၊ ဖခင်ကို ​ထိုးကြိတ်ပြီး အိမ်မီးရှို့တဲ့ မန္တလေးက ငမိုက်သား (၂၇-၁ဝ-၂ဝ၂၄) #KyawMyoMin #Npnews 🔹🔸🔹🔸🔹🔸🔹

1 год назад
 • Вы подписаны

Ziwa Naing (live 10.09.2024)

Покупайте СтеллыИ дарите их за контент