2 подписчика
သုတ္တနိပါတ် ပါဠိတော်၊ ပရာဘဝသုတ်
-----------------------------------
၁။သုစရိုက်တရား မလိုလား
မှတ်သားပျက်စီးကြောင်း
၂။သူယုတ်မာကို ချစ်ကြည်ညို
မှတ်သိုပျက်စီးကြောင်း
၃။သူတော်ကောင်းကို မချစ်လို
မှတ်သိုပျက်စီးကြောင်း
၄။သူယုတ်တရား နှစ်သစ်ငြား
မှတ်သားပျက်စီးကြောင်း
၅။အအိပ်လွန်ငြား အငိုက်များ
မှတ်သားပျက်စီးကြောင်း
၆။အပေါင်းအဖေါ် အလွန်ပျော်
မှတ်နော်ပျက်စီးကြောင်း
၇။စကားပြောသော် အလွန်ပျော်
မှတ်နော်ပျက်စီးကြောင်း
၈။ထကြွလုံ့လ မရှိက
မှတ်ကြပျက်စီးကြောင်း
၉။ထုံထိုင်း မှိုင်းဖျင်း အလွန်ပျင်း
မယွင်းပျက်စီးကြောင်း
၁၀။ဒေါသအမျက် ပြင်းစွာထွက်
မှတ်လတ်ပျက်စီးကြောင်း
၁၁။မိအိုဘအို မကြွေးလို
မှတ်သိုပျက်စီးကြောင်း
၁၂။အလှူခံအား လိမ်လှည့်စား
မှတ်သားပျက်စီးကြောင်း
၁၃။တစ်ယောက်တည်းသာ စားလိုပါ
မှတ်ပါပျက်စီးကြောင်း
၁၄။အမျိုးဇာတ်မာန် လွန်ခက်ထန်
မှတ်ရန်ပျက်စီးကြောင်း
၁၅။ပစ္စည်းမာန ထောင်လွှားက
မှတ်ကြပျက်စီးကြောင်း
၁၆။မျိုးနွယ်မာန ထောင်လွှားက
မှတ်ကြပျက်စီးကြောင်း
၁၇။ဆွေမျိုးတို့အား မလေးစား
မှတ်သားပျက်စီးကြောင်း
၁၈။မိန်းမလိုက်စား ပျော်ကြူးငြား
မှတ်သားပျက်စီးကြောင်း
၁၉။မူးယစ်သောက်စား ပျော်ကြူးငြား
မှတ်သားပျက်စီးကြောင်း
၂၀။အလောင်းအစား ပျော်ကြူးငြား
မှတ်သားပျက်စီးကြောင်း
၂၁။မကောင်းမိန်းမ လိုက်စားက
မှတ်ကြပျက်စီးကြောင်း
၂၂။သူများမယား လွန်ကြူးငြား
မှတ်သားပျက်စီးကြောင်း
၂၃။အရွယ်အိုလျက် အငယ်မက်
မှတ်ချက်ပျက်စီးကြောင်း
၂၄။မသင့်တော်သူ စိတ်ချမူ
မှတ်ယူပျက်စီးကြောင်း
၂၅။မင်းမျိုးဖြစ်ကာ ဥစ္စာကားနည်း
လောဘကြီးလျက် စည်းစိမ်မက်
မှတ်ချက်ပျက်စီးကြောင်း
ပျက်စီးကြောင်းများ သိရှောင်ရှားက
ချမ်းသာရ ရောက်ကြနိဗ္ဗာန်ပြည်။
Credit - အရှင်ကာရုညဓမ္မရင်ပြင်
🔹🔸▪️🔸🔹
1 минута
28 июня 2025