2 подписчика
.
☯️
( အရှက်လုံးလုံးကွဲပြီ )
ဟုတ်ပါ့မလားလို့ မျက်လုံးပွတ်ပြီး (၂) ကြိမ်ဖတ်ရတော့တယ်၊ မျက်လုံးလဲ မမှောက်ပါဘူး၊ English လဲ အဲ့သလောက်မညံ့ပါဘူး၊ တခါတလေ သူတို့ရေးတာမှာ စာလုံးကျန်ရင်တောင် တွေ့တတ်တဲ့သူပါ၊ ရေးထားတဲ့ ဆိုလိုရင်းကို နောက်အကြောင်းအရာတွေနဲ့လဲ ချိတ်ဆက်စဉ်းစားတတ်ပါသေးတယ်၊
ဒီနေရာမှာ သုံးသွားတာ
" Pakinstan did dirty work.... မှာ
did အစား Didn't များဖြစ်လေမလားလို့ နောက်စာသားတွေကိုဆက်ဖတ်ကြည့်တော့ မူရင်းဆိုလိုချက် Did ကပိုပေါ်လွင်လာပါတယ်၊
ပါကစ္စတန် ကာကွယ်ရေးဝန်ကြီးပြောလိုက်တာက-
" ပါကစ္စတန်ဟာ အကြမ်းဖက်တွေကိုအားပေးထောက်ပံ့တဲ့ မသမာတဲ့အလုပ်တွေကို US နဲ့ UK အတွက်အလုပ်လုပ်ပေးခဲ့ရတယ်"
.... လို့ ဝန်ခံပြောကြားလိုက်ပါတယ်၊
ဇာတ်လမ်းကပိုရှုပ်သွားပြီ၊
ပါကစ္စတန် ကာကွယ်ရေးဝန်ကြီးရဲ့နှုတ်ဖျားက ဒီလိုစကားမျိုးထွက်လာလိမ့်မယ်လို့ မမျှော်လင့်ထားခဲ့ဘူး၊ သူ့အတွက်လဲအန္တရာယ်အလွန်ကြီးတယ်၊
တရုတ်က ပါကစ္စတန်ကို နိုင်နိုင်နင်းနင်း ကိုင်တွယ်လိုက်နိုင်တာကိုလဲပြလိုက်တာပဲ၊
အကွက်ရှုပ်ကို တရုတ် " ဖြေ" ချလိုက်တာ Next level ပဲ၊ အဲ့ဒီနောက်ကွယ်မှာ အဖိုးစားနားအဖြစ်တရုတ်က ပါကစ္စတန်ဖက်က မားမားမတ်မတ်ရပ်ပေးရတော့မယ်၊
တရုတ်ဆီရောက်လာမဲ့ မျှားဦးကို Diversion ပေးလိုက်တာ အတော်ရဲတင်းတဲ့အကွက်ပဲ။
US နဲ့ UK တော့ အကြမ်းဖက်တွေအဖြစ် အရှက်ဗြန်းဗြန်းကွဲပြီ ။
-----
.
☯️
( ဘယ်သူတွေက ဘယ်ဖက်မှာလဲ ❓)
Polarization.
India-Pakistan conflict မှာ ဘယ်သူတွေက ဘယ်ဖက်မှာရှိကြသလဲဆိုတာ ကွက်ကွက်ကွင်းကွင်းပေါ်လာပြီ၊
တင်မာမှုလဲ စဖြစ်ရော Starlink က ပါကစ္စတန်ဖက် ရွေ့လာတယ်၊ ( ယူကရိမ်းစစ်လိုပေါ့၊ ယူကရိမ်းက Starlink သုံးပြီး ရုရှားကိုတိုက်တာ )
အိန္ဒိယက ပါးနပ်တယ်၊ "X" ( Twitter ) ကိုပိတ်ချလိုက်တယ်၊ ပါကစ္စတန်နဲ့ ဆက်စပ်မှုရှိနေတယ်ဆိုတာသိရလို့၊
✅ ဒီအထိမြင်းကွင်းက ရှင်းတယ်
သာမန်အားဖြင့် အမေရိကန်နဲ့ပါကစ္စတန် ခွာပြဲကြပြီ၊ အမေရိကန်က တရုတ်ကိုထိမ်းဖို့ အိန္ဒယနဲ့ ဆက်ဆံရေးကောင်းတည်ဆောက်ထားတယ်၊ အိန္ဒိယဖက်မှာ အမေရိကန်ရှိနေတယ်... လို့အားလုံးက သိထားကြတာ၊
" တိမ်တောင်သဖွယ် မင်းရေးကြွယ်တယ်"... ဆိုတာ တကယ်ပါပဲ၊
ပါကစ္စတန် ကာဝန်ကိုယ်တိုင်ထုတ်ပြောလာတဲ့စကားက ဘယ်လောက်အံ့ဩစရာကောင်းလိုက်သလဲလို့....
" US နဲ့ UK အတွက် ပါကစ္စတန်ဟာ အကြမ်းဖက်တွေကို ပံ့ပိုးပေးနေရပါတယ်၊ မသမာတဲ့ လုပ်ငန်း ( Dirty work ) ကိုလုပ်နေရပ်တယ်".. တဲ့၊ ( ဒီစကားကလဲ အံ့ဘနန်းပဲ )
ကမ္ဘာကြီးကို Double twist လုပ်သွားတာ... ဘယ်လောက်များကြောက်ဖို့ကောင်းလိုက်သလဲဆိုတာ....
✅ " ဘာရည်ရွယ်ချက်နဲ့" အဲ့သလို ကစားသွားသလဲ ဆိုတာ လူငယ်ခြေတက်တွေနဲ့ ဆြာကြီးတွေ ရေးဖို့ Food for thought အနေနဲ့ချန်ထားခဲ့ပါရစေ ။
BaMg ☯️ (26.04.25)
#Credit
.
🔹🔸🔹🔸🔹🔸🔹
1 минута
26 апреля 2025