Найти в Дзене
2 подписчика

.

#NayZinLatt
☯️

Trump ကြမ်းချက်ကတော့ လက်ကုန်ပဲ

ကမ္ဘာကျော် CIA ထောက်လှမ်းရေး အဖွဲ့ကြီးရဲ့ ညွှန်မှုးကို ထရမ့်က John Ratcliffe ကိုခန့်လိုက်ပြီးတဲ့နောက်....

CIA တဖွဲ့လုံးကို MAGA agenda နဲ့ လိုက်ပါနိုင်ရင်နေခဲ့၊ မလိုက်ပါနိုင်ရင် လစာ (၈) လစာယူပြီး ထွက်တော့ လို့ကြေငြာလိုက်တယ်၊

(၂) ပါတ်သား သမတရဲ့တောက်လျောက် ကိုင်တွယ်မှုကြမ်းကြမ်းတွေထဲမှာ ဒီတချက်က အကြမ်းဆုံးဖြစ်ပါလိမ့်မယ်၊ တကယ့် Satan အကြီးစားရဲ့ နာရွက်ကို တံတွေးဆွတ်လိုက်တာပါပဲ၊

ထရမ့်လုပ်ကြံခံရဖို့တော့ အလွန်နီးကပ်သွားပါပြီ၊

.
-----

.

☯️


USAID
FBI
CIA

.... ဆက်တိုက် ဖြိုနေတယ်
ထရမ့်ဟာ ကနေဒီထက် ပိုသတ္တိရှိသူဖြစ်သွားပြီ၊ သမိုင်းတွင်တဲ့ အကြမ်းဆုံးသမတလဲဖြစ်သွားပြီ၊ Deep State ကို ခြေလက်တွေခုတ်ဖြတ်နေရုံသာမက ... ဦးနှောက်ကိုပါ ခွဲထုတ်ပစ်နေပြီ၊

အမေရိကန် သမတ (၄၆) ဦးမှာ ထရမ့်ဟာ အသက်အန္တရာယ်အရှိဆုံးသူ ဖြစ်သွားပြီး၊ အမေရိကန်ဟာလဲ ( အကောင်းဆုံး) နဲ့ (အဆိုးဆုံး) အစွန်း (၂) ဖက်ကိုရောက်သွားခဲ့ပါပြီ၊

ခြုံငုံ ရှုမြင်ရရင်တော့ အမေရိကန်ဟာ ထရမ့်အတွက်ရော နိုင်ငံအတွက်ပါ အဆိုးဖက်ကို တူရူသွားတယ်လို့မြင်ပါတယ်၊

.
-----
.

☯️


အမေရိကန်နိုင်ငံရေးနဲ့ မိနစ်ပိုင်းတိုင်းပြောင်းလဲနေတဲ့ဖြစ်စဉ်က စိတ်ဝင်စားစရာ အမြင့်ဆုံးအဆင့်ဖြစ်လာပြီ၊

ဟီလာရီကလင်တန်က ဒီမိုကရက်တွေကိုယ်စား ကျည်စဖေါက်ပေးလိုက်ပါပြီ၊ သူမက -

" Elon Musk ဟာ အမေရိကန်အစိုးရ အုပ်ချုပ်ရေးပိုင်းကို Blitzkrieg style ( လျှပ်တပျက် / မိုးကြိုးစစ်ဆင်ရေးနည်း ) နဲ့ အာဏာသိမ်းနေတယ်လို့ စွပ်စွဲလိုက်ပါတယ်၊

ထရမ့်နဲ့ အီလွန်မာစ်ကြားမှာ အကြီးကြီး "ဟ" သွားနိုင်တဲ့ အသွားပါစကားမျိုးပါ ။

USAID, FBI, CIA တွေပြီးရင် Hillary Clinton တို့ဖက် ပစ်မှတ်လှည့်လိမ့်မယ်လို့ ခန့်မှန်းရပါတယ်၊

.
-----
.

☯️


ဘမောင်တို့ပြောရင် သိပ်စောလွန်းနေသေးလို့ တော်ရုံ မယုံကြဘူး၊ ( ခပ်စောစောပြောရတာကလဲ ရှောင်နိုင် / ဆောင်နိုင်အောင်ပါ )

အခု .... Steve Bannon ကိုယ်တိုင်ပြောပါပြီ၊
( Steve Bannon ဆိုတာ Trump ပထမသက်တမ်းတုန်းက Stategist : MWD interview ရဲ့ Think Tank မှာထည့်ပြောဘူးသေးတယ် )

Bannon ပြောတာက -

" USAID ဆိုတာ CIA ရဲ့ရှေ့တန်းတိုက်စစ်မှုး "

" ကျွန်တော်တို့နှစ်အတော်ကြာစောင့်နေခဲ့ရတယ်၊ အခုဖြစ်လာပါပြီ၊ Deep State ကြီးပြိုလဲနေပါပြီ "

( ဘမောင်အရင်ရေးခဲ့တာတွေနဲ့ ဆက်စပ်ကြည့်ပါ၊ တထပ်ထဲဆိုတာ တွေ့ရပါလိမ့်မယ် )


ထရမ့်အတွက်ကတော့
" ညောင်သီးကို တဝစားနေပြီ၊ လေးသံ နားထောင်ဖို့ပဲလိုပါတော့တယ် "...... လို့။

.
-----
.

☯️

မြန်မာနိုင်ငံအတွက်ကတော့

USAID ပြိုတာ
CIA ပြိုတာ....

အလွန်ကောင်းတယ်လို့ မြင်ပါတယ်။

( EAO တချို့ ညပ်လိမ့်မယ်လို့ ရေးခဲ့တာနဲ့ ဆက်စပ်တွေးတောနိုင်ပါလိမ့်မယ် )

ခေါင်းထဲရှိသမျှ၊ တွေးထားတာတွေ အားလုံး ချမရေးဖြစ်သေးပါဘူး 😁

.
-----
.

☯️


2020 ရွေးကောက်ပွဲမှာ ထရမ့်ရှုံးတော့ ထရမ့်ထောက်ခံသူတွေက Capitol ကိုဝင်စီးကြတယ်၊ အဲ့ဒီကာလ ဝင်ကိုင်တွယ်သွားတဲ့ FBI လူစာရင်းကို ထရမ့်က DOJ ( Department of Justice ) ကတဆင့်တောင်းတယ်၊

FBI က လူ (၅၀၀၀) ကျော်စာရင်းကို ပေးလိုက်ရပြီ၊ အငြိမ်းစား အပေးခံရပါတော့မယ်၊

ရက်ခြားပြီ CIA ကိုလဲကြေငြာချက်ထုတ်ထားတယ်၊ အရေအတွက်ကိုမသတ်မှတ်ပဲ ဖွင့်ထားတယ်၊ MAGA agenda အတိုင်းမလုပ်နိုင်သူတွေ လစာ (၈) လစာယူပြီး ထွက်ကြ... တဲ့၊

ကမ္ဘာကျော် ထောက်လှမ်းရေးအဖွဲ့ကြီး (၂) ခုလုံးကို တပြိုင်နက် အခုလိုကျယ်ကျယ်ပြန့်ပြန့် ကိုင်ပစ်တာ အမေရိကန်သမိုင်းမှာ ထရမ့်ဟာ ပထမဆုံးသမတဖြစ်လာပါတယ်၊

သူ့အတွက်ပြန်ပြီးအန္တရာယ်ရှိတဲ့ အဆိပ်ပြင်း အဖွဲ့ကြီး (၂) ခုလုံးကို တပြိုင်နက်ထဲ ကိုင်တွယ်ပစ်ရဲတာ ဘာကြောင့်လဲ... လို့စဉ်းစားဖြစ်တယ်၊

.
-----
.

☯️

အီလွန်မာစ်ကို မေရီလန်း ဆီနိတ်တာ Chris Van Hollen ကဦးဆောင်ပြီး ဆန္ဒထုတ်ဖေါ်ကြတယ်၊


"အခြေခံလုပ်သားတွေရဲ့ လူမှုရေးရံပုံငွေကို အပိုင်မစီးပါနဲ့၊ အာဏာသိမ်းမှုရပ်ပါ၊ သူ့ကို သူ့မိခင်နိုင်ငံပြန်ပို့ကြပါ"

" ကျွန်တော်တို့ တိုက်ပွဲဝင်ကြရပါမယ်၊ အစိုးရအဖွဲ့ထဲမှာရော၊ လွှတ်တော်ထဲမှာရော၊ လမ်းမတွေပေါ်မှာရော အားလုံးတိုက်ပွဲဝင်ကြရပါမယ်"

မကြာခင် အမေရိကန် နိုင်ငံအနှံ့အပြားမှာ ဆန္ဒပြပွဲတွေကို မြင်တွေ့လာရဖွယ်ရှိလာပါပြီ၊

.
-----
.

☯️


တန်ပြန်လှိုင်း Reverse wave ကိုထရမ့်ပြန်ခံရလိမ့်မယ်လို့ရေးခဲ့ပါတယ်၊

USAID နဲ့ CIA ပူးပေါင်းပြီး ဒီမိုကရက်တွေကတဆင့် ထရမ့်ကို Impeach စွပ်စွဲပြစ်တင် ဖြုတ်ချတာမျိုးတွေ လုပ်လာပါတော့မယ်၊


#BaMg​ ☯️ (06.02.2025
#Credit
https://t.me/nayzinlatt2023
.
🔹🔸🔹🔸🔹🔸🔹
2 минуты